သဲကုန်းမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

သဲကုန်း ဖေဖော်ဝါရီ ၃

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၈) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်၌ သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ၂၈-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ဂရက်တွင် ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက် (၁၅-၁၀-၂၀၂၅)နှင့် ဘိုမျိုး(ရွှေဘို)၏ “နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီ”ကဗျာတို့ပါဝင်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)