ပေါက်ခေါင်းမြို့နယ် အ.မ.က(သဖန်းချို)၌ နယ်လှည့်အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အ.မ.က(သဖန်းချို)၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်ကကျောင်းသားလူငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေရန် ပုံပြင်ပြောခြင်းနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)