ထားဝယ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

ထားဝယ် ဖေဖော်ဝါရီ  ၄

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မကြာခင်ကျရောက်မည့် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့တွင် နိုင်ငံတော်အလံတင်အခမ်း အနား၊သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့်ပြခန်းများ၊ ညစားစာပွဲနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ လစ်ဟာမှုမရှိစေရေးအတွက် ညှိနှိုင်းနိုင်ရန်ခေါ်ယူခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အတွက်အရေးကြီးပြီး တန်ဖိုးထားရမည့်နေ့ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် ခမ်းနားထည်ဝါစွာ သန့်သန့်ရှင်းရှင်းဖြင့်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြ ပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

 ထို့နောက်ကော်မတီဝင်များကအခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြခန်းများခင်းကျင်းပြသရေး၊ ဖျော်ဖြေရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ စစ်ရေးပြ၊လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)