မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌   ဒုရုံပိုင်(အလုပ်သင်)၊လုပ်ငန်းသစ်ဝန်ဆောင်မှုနှင့် IP Networking သင်တန်းများ ဖွင့်

မိတ္ထီလာ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဒုရုံပိုင်(အလုပ်သင်)၊ လုပ်ငန်းသစ်ဝန်ဆောင်မှုနှင့် IP Networking သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို   ဖေဖော်ဝါရီ ၂ ရက်က အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဒုရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ်(၄၂/၂၀၂၆)ကို သင်တန်းသားသင်တန်းသူ ၂၇ ဦးတက်ရောက်ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၃၂ ပတ်ကြာမြင့်မည်ဖြစ်သည်။ ထို့အတူ လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၂၀/၂၀၂၆) ကို သင်တန်းသားသင်တန်းသူ ၂၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းအပြင် IP Networking သင်တန်း အမှတ်စဉ် (၉/၂၀၂၆) ကို သင်တန်းသားသင်တန်းသူ ၇ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)