အိမ်မဲမြို့နယ် အ.ထ.က (ခွဲ) ဂယက်ကြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာ၊ အ.ထ.က(ခွဲ) ဂယက်ကြီးကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့်ရည်မှန်းချက်၊ စာပေဖတ်ရှုခြင်း၏အကျိုး၊   အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်စုမြတ်သဲ တို့နှင့်အတူ အဆိုပါကျောင်းမှ Grade-8 ကျောင်းသား/ သူများဖြစ်ကြသော မောင်သီဟအောင်၊ မောင်မြတ်မင်းခန့်၊ နန့်အိုင်ရှုခလိန်၊ မနွယ်ရီဝင်းတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/ သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက်   မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ၊ သုတ၊ ရသရရှိစေမည် စာအုပ်စာစောင်များကိုပြသပေးခဲ့ကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)