ငဖဲမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ငဖဲမြို့မ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ ငဖဲမြို့မ အခြေခံပညာမူလတန်းကျောင်းမှ ဆရာမဒေါ်ချိုချိုနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများ၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြသူများ၊  မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်းအရာများ၊ ဒုတိယဦးစီးမှူးဦးသက်နောင်ထွန်း က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်ဆောင်ရွက်ရမည့်အချက်များကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)