မင်းတုန်း ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ကန်လည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊၃၁၄(A) ဦးပိုင်အမှတ်၊၅၃/ခ၊ တောင်သူ ဦးကျော်သူ၏ ဆောင်းနေကြာ၊ မျိုးသန့်ပွားစိုက်ခင်းနှင့် မတ်ပဲသီးထပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု တို့ကို ကြည့်ရှုခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက သီးနှံအထွက်တိုးတက်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တောင်ဖီလာကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် စီမံကိန်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဥက္ကဋ္ဌ ဦးစိုးလင်းက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)