မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁နာရီက ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ပင်လုံစာချုပ်တွင်လက်မှတ်ရေး ထိုးခဲ့ကြသူများစသည်တို့ကို အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကိုတန်ဖိုး ထားတတ်စေရန်၊ အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ ပုံတူ ပန်းချီဆွဲတတ်စေရန် ရည်ရွယ်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသော ဒေသတွင်းလှုပ်ရှား‌ဆောင်ရွက်မှုများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)