ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေးလုပ်ငန်းစဥ်များနှင့် ရည်ရွယ်ချက်များ၊ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဆောင်ရန်ရှောင်ရန်များ၊ စီမံကိန်းကျေးရွာများတွင် မီးခိုးမြူငွေ့ကင်းစင်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲတက်ရောက်လာသူများအား မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)