ဝမ်းတွင်းမြို့နယ်၌  ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး   လုပ်ငန်းညှိနှိုင်း

ဝမ်းတွင်း  ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉နာရီခွဲက  ပြည်သူ့ဆေးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းအိအိသွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဗီဒီယိုကလစ်ပြသခဲ့သည်။ ၎င်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးမင်းသူထွေးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 ဌေးလှိုင်(ဝမ်းတွင်း)