မိတ္ထီလာ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေမြသင်းကြိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများ၊ ဆုရွေးချယ်သွားမည်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများက နှလုံးသားထဲက ပင်လုံမြေ၊ ပြည်ထောင်စုသွေး စဉ်နွေးထွေး၊ ပင်လုံသက်သေလွတ်လပ်စေ ခေါင်းစဉ်များကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲကို မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ကွန်ပြူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးကောလိပ်များမှ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)