ကရသူရိ ဖေဖော်ဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၄ရက် နံနက် ၉နာရီမှစ၍ ကျောင်းသားကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကြီးကို ( KGမှ Grade12)အတန်းထိ ကျောင်းသား/ သူများက ဖြေဆိုလျက်ရှိပြီး ( Grade5နှင့် Grade9) ကျောင်းသား/ကျောင်းသူများသည် ဖေဖော်ဝါရီ ၂၃ရက်မှစ၍ ဘာသာရပ်အလိုက် ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲကို မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက တစ်ရက်လျှင်(၂)ဘာသာ၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသား/ သူများက တစ်ရက်လျှင်(၁)ဘာသာ နှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)