ထန်းတပင်မြို့နယ်၌ မိုးစပါးများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးတစ်ဧက ပျမ်းမျှအထွက်နှုန်း (၇၁.၇၄) တင်းနှုန်းထွက်ရှိ

ထန်းတပင် ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧကရှစ်သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းအနေနဲ့ဖြင့်လည်း (၇၁.၇၄) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်မှာ မိုးစပါးလျာထားစိုက်ဧက (၈၄၁၃၈) ဧကရှိပြီးတော့ စိုက်ပျိုးနိုင်ခဲ့တာကတော့ ဧကပေါင်း (၈၀၁၁၇) ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်၊ ရိတ်သိမ်းပြီးဧကအနေနဲ့က တော့ရာနှုန်းပြည့် ရိတ်သိမ်းပြီးသွားပါပြီ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေနဲ့ကလည်း (၇၁.၇၄) တင်းနှုန်းထွက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောကြားသည်။

ထန်းတပင်မြို့နယ်အတွင်း တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်လျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဓါတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် တောင်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ရိတ်သိမ်းပြီးသည့် စပါးများ ဆုံးရှုံးမှုလေ့လွင်မှုများ မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်