လှိုင်သာယာ ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ရပ်ကွက်နေပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ၀ယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၇) နာရီ၌ ညောင်ကျေးရွာနှင့် အမှတ် (၆) ရပ်ကွက်တို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀န်ထမ်းများ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျှင် (၃၆၅) ကျပ်နှုန်းဖြင့် ညောင်ကျေးရွာပိတောက်လမ်းနှင့် အမှတ် (၆) ရပ်ကွက် အောင်စန္ဒာလမ်းတို့တွင် မြို့နယ်စည်ပင်သာယာရေးမှ ဦးစည်သူနှင့် ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်တို့မှ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၇၅၀၀) လုံးအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)