သာစည်မြို့နယ်တောင်သူများထံ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့်ချေးငွေထုတ်ချေး

သာစည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိတ္ထီလာခရိုင်မှ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်သုံးစက်ရေတွင်းများတူးဖော်ဆောင်ရွက်မည့် သာစည်မြို့နယ်တောင်သူများထံ ချေးငွေထုတ်ပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ ဌဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ခရိုင်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းထွန်းက နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်နှင့်ပတ်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)ခရိုင်တာဝန်ခံနှင့် တာဝန်ရှိသူများ၊ မြို့နယ်မှ တာဝန်ရှိသူများက တမာကုန်းကျေးရွာ၊ ကျည်းကန်ကျေးရွာ၊ ညောင်အိုင်ကျေးရွာနှင့် ကမ္ဘားမြင့်ကျေးရွာတို့မှ တောင်သူ ၃၆ ဦးထံ ချေးငွေစုစုပေါင်း (၂၉၉ ဒသမ ၅)သန်း ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်