သုံးခွမြို့နယ်တွင်၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာ‌မေးပွဲဖြေဆို

သုံးခွ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာ‌မေးပွဲကို ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (Grade-4) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျင် ဘာသာရပ်နှစ်ခုအားဖြေဆိုမှာဖြစ်ပြီး (Grade-6၊ Greade-7၊ Grade-8၊ Grade-10၊Grade-11) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျင်တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိ ဖြေဆိုမည်ဖြစ်သည်။ (Grade-12) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာ ဖြေဆိုနိုင်ရန် သက်ဆိုင်ရာစာ‌မေးပွဲကြီး ကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)