ကံမမြို့နယ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ကံမ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဦးဟန်က နီပါးရ်ဗိုင်းရပ်စ်စတင်ဖြစ်ပွားလာပုံ၊ နီပါးရ်ဗိုင်းရပ်စ်ရောဂါလက္ခဏာများနှင့် ကူးစက်နိုင်သည့် နည်းလမ်းများအကြောင်း၊ ကာကွယ်ရန်နည်းလမ်းများအကြာင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)