တံတားဦး ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံအဖြစ်ဂျုံ၊ ကုလားပဲ၊ နေကြာ၊ မြေပဲ၊ နှမ်း၊ ထောပတ်ပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ကျွဲ/နွားစာနှင့် အခြားဟင်းသီးဟင်းရွက်အစရှိသည်တို့ စိုက်ပျိုးခဲ့ရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါသီးနှံများစိုက်ပျိုးမှုတွင် တံတားဦးမြို့နယ်၌ ဂျုံ ၃၁၂ဧက၊ ကုလားပဲ ၁၁.၃၆၄ဧက၊ နေကြာ ၁၃.၅၇၈ဧက၊ မြေပဲ ၃,၈၁၇ဧက၊နှမ်း ၁,၃၉၇ဧက၊ ထောပတ်ပဲ ၁,၉၃၀ဧက၊ ငရုတ် ၂၀၇ဧက၊ ကြက်သွန်နီ ၅၉၅ဧက၊ ပဲတီစိမ်း ၃၈၉ဧက၊ ကျွဲ/နွားစာ ၆,၄၄၂ဧက၊ အခြားဟင်းသီး၊ ဟင်းရွက် ၁,၅၄၅ဧက လျာထားစိုက်ပျိုးခဲ့သည်။ တံတားဦးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်ပြီး လူနေမှုဘဝမြငိ့မားလာစေရန်အတွက် ဆောင်းသီးနှံများလျာထားဧကပြည့်မီရေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ လိုအပ်သော သွင်းအားစုများ၊ မျိုးစေ့များကူညီပံ့ပိုးဆောင်ရွက်ခြင်းဖြင့် ဆောင်းသီးနှံများ လျာထားဧကအတိုင်း စိုက်ပျိုးနိုင်ခဲ့ပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)