ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းမှ သွားဖွားဆရာမ ကျောင်းကျန်းမာရေး ဆရာမဒေါ်ဇာဇာဝင်းက ကျောင်းသား၊ ကျောင်းသူလေးများအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းများ ရှင်းလင်းဟောပြောခဲ့ပြီး စနစ်တကျလက်ဆေးနည်းများကို လက်တွေ့လုပ်ဆောင်စေခဲ့ ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်နှင့်ဆရာ/ဆရာမများနှင့်အတူ ကြက်ဥ၊ ရွှေဖရုံ၊ ပဲဝါလေးဟင်းများနှင့် အာဟာရထမင်းများ၊ ငှက်ပျောသီးများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)