တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်သာ ဖေဖော်ဝါရီ ၅

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ AI နည်းပညာကို ငယ်ရွယ်စဉ်အချိန်မှစ၍ လေ့လာသင့်ကြောင်း၊ နေ့ကြီးရက်ကြီးများနေ့ရောက်ရှိလာသည့်တိုင် စာစီစာကုံးစာမေးပွဲ ဖြေရလေ့ ရှိရာတွင်မိမိ၏ စိတ်ကူးစိတ်သန်များကို တွေးတောကြံဆ၍ မိမိလေ့လာသိရှိထားသော စာပေများအား နိဒါန်း၊ စာကိုယ်၊ နိဂုံးများကို ရေးသားရာတွင် နိဒါန်းတွင်ပါဝင်သောအကြောင်းအရာများမှ လွဲချော်မသွားရအောင် စနစ်တကျရေးသားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ အနာဂတ် လူငယ်လေးများဖြစ်ကြောင်း၊ လူငယ်များ အသိပညာကြွယ်ဝစေဖို့အတွက် ယခုအချိန်မှစ၍ မိမိအသက်အရွယ်လိုက်၍ စာအုပ်များကို ရှာဖွေပြီး စာဖတ်သည့် အလေ့အထကို လေ့ကျင့်သွားရမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ ဟောပြေပွဲသို့ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)