ညောင်ဦး ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်မည့် ကျွန်းခင်းကြီးရေလှောင်တမံ အမှတ်(၂)တည်ဆောက်ဆောက်ခြင်း စီမံကိန်းဧရိယာအတွင်း ပါဝင်သောယာမြေများအတွက် မြေယာလျော်ကြေးနှင့် နှစ်ရှည်ပင်လျော်ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြေယာလျော်ကြေးနှင့်နှစ်ရှည်ပင်လျော်ကြေးပေးအပ်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က မြေယာလျော်ကြေး၊ နှစ်ရှည်ပင်လျော်ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုမှ မြေယာလျော်ကြေး၊ နှစ်ရှည်ပင်လျော်ကြေးနှင့် သီးနှံများအတွက် နစ်နာကြေး ပေးချေနိုင်ရေး ကြီးကြပ်မှုကော်မတီထံသို့ ငွေကျပ်သိန်း (၇၃၈, ၀၇၅,၀၀၀) ၊ (ငွေကျပ်သိန်း ခုနှစ်ထောင့်သုံးရာရှစ်ဆယ်သိန်းခုနှစ်သောင်းငါးထောင်တိတိ) အား လွှဲပြောင်းပေးအပ်သည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သော်ထိုက်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်တို့က တောင်သူများလက်ဝယ်အရောက် မြေယာလျော်ကြေးနှင့် နှစ်ရှည်ပင် လျော်ကြေးငွေများကို တောင်သူများအား ပေးအပ်သည်။ ထို့နောက် တောင်သူများကိုယ်စား တောင်သူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း