ဓနုဖြူမြို့နယ်၌ မျိုးစေ့ထုတ်နှင့် Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူတွေ့ဆုံပွဲကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် Rice Export Zone နှင့် မျိုးစေ့ထုတ် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စပါးစိုက်တောင်သူများအား တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက ဇီးဖြူကုန်းကျေးရွာ အုပ်စု၊ ဇီးဖြူကုန်းကျေးရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်က Rice Export Zone အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံမျိုးစေ့အသင်းအမှုဆောင် ဒေါ်အတာမေက မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး၊ Si Pwar Trading Co, Ltd Managing Director ဒေါ်နော်ခင်ခင်က Rice Export Zone အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများ၏ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့​ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မအူပင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များ၊  Si Pwar Trading Co, Ltd မှတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်