သန်လျင်မြို့နယ်၊ ညောင်လေးပင်မူလွန်ကျောင်း၌ ကူးစက်ရောဂါဖြစ်ပွားမှုတုံ့ပြန်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံ

ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျေင်းသား၊ ကျောင်းသူများအား ဆုံဆို့နာကူးစက်ရောဂါဖြစ်ပွားမှု တုံ့ပြန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ညောင်လေးပင်မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမှီ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံနေမှုကို ဆရာ၊ ဆရာမများ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)