သင်္ဃန်းကျွန်းခရိုင်တွင် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ ဒို့တိုင်းဌာနီ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်/စာပေ ချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့မှ အဖွဲ့ဝင်များက စာရေးဆရာမ ခင်ဆွေဦးရေးသားခဲ့သည့် ဒို့တိုင်းဌာနီစာအုပ်ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးစွာ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းစိုး စာရေးဆရာ မောင်မောက် ဝတ်လုံက ဒို့တိုင်းဌာနီစာအုပ်သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် (၁၁) ကြိမ်မြောက် ထုတ်ဝေပြီးဖြစ်ကြောင်း နယ်ချဲ့အင်္ဂလိပ်တို့အား မည်သို့တော်လှန်ခဲ့သည် ၁၉၄၁ ခုနှစ် ကိုညီလေးက ညီမနှစ်ဝမ်းကွဲတော်စပ်သည့် မီနှင့်ထွေးတို့နှင့် တွေ့ဆုံခဲ့ပုံ၊ ရန်သူ့လက်ချက်ဖြင့် ကျဆုံးခဲ့သည့် ရဲဘော်အောင်ထွန်း ရင်ဘတ်ထဲက ဒိုင်ယာရီစာအုပ်အတွင်း ကိုသူရမြင်းစီးဝတ်စုံဖြင့်ဓါတ်ပုံအား ကိုသူရမြင်မိရာမှ ရင်ထဲဆို့နင့်ခဲ့ရပုံ၊ ကိုရန်နောင်မှ မိထံသို့ ပေးပို့သည့်စာကိုဖတ်ရာမှ မိတစ်ယောက်ပျော်ရွှင်ကြည်နူးခဲ့ရပုံစသည့် ရသစုံပါဝင်သည့် ဒို့တိုင်းဌာနီစာအုပ်အား ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား မိမိတို့ထင်မြင်ယူဆချက်များဖြင့် ဝိုင်းဝန်းဆွေးနွေးပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြီးမြောက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းစိုး စာရေးဆရာ မောင်မောက်၊ ဝတ်လုံနှင့် အဖွဲ့ဝင်များ စာအုပ်/စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး