ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ကာလစည်းကမ်းသက်ကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်စီးခြင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သောမဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား ကာလစည်းကမ်းသက်ကျော်လွန်ပြီဖြစ်၍ စနစ်တကျမီးရှို့ဖျက်စီးရေးအဖွဲ့ကို အဖွဲ့ဝင် (၁၄) ဦးဖြင့်ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်း ဦးဆောင်သော အဖွဲ့ဝင်များက စနစ်တကျမီးရှို့ဖျက်စီးခဲ့ကြသည်။ အဆိုပါစာရွက်စာတမ်းများ မီးရှို့ဖျက်စီးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်ဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် စနစ်တကျမီးငြိမ်းသတ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ