ပုလောမြို့နယ်၌ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုလော ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းကို ညွှန်ကြားချက်နှင့်အညီ ကျင်းပနိုင်ရေး၊ မြို့နယ်အဆင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပြင်ဆင်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုရေး၊ နေရာချထားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့်ဆပ်ကော်မတီအသီးသီးမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပုလော (ပြန်/ဆက်)