စဉ့်ကူးမြို့နေပြည်သူများ ဘုရားဖူးမျှော်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

စဉ့်ကူး ဖေဖော်ဝါရီ   

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့နေပြည်သူများ ဘုရားဖူးမျှော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စဉ့်ကူးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရွှေကူကြီးမြတ်စွာဘုရား ပုရ၀ုဏ်တွင် ပြုလုပ်ခဲ့​သည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်​ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၃၆၀) ဦးတို့က ရွှေကူကြီးမြတ်စွာဘုရား၏ ဘုရားစေတီတော်မြတ်နှင့် ဘုရားရင်ပြင်တို့အား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဘုရားပုရဝုဏ်အတွင်း/အပြင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)