ကျုံပျော် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရုံး၌ ဖေဖော်ဝါရီ ၅ ရက်နံနက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဇော်လွင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုမရှိစေရေးအတွက် လျှပ်စစ်မီးစနစ်တကျအသုံးပြုရန်နှင့် မီးသတ်ဆေးဗူး ဆက်စပ်ပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် MPT ရုံး ဝန်ထမ်းများ ပူးပေါင်းကာ မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)