မြစ်သား ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၇၂၅၀/- ကျပ်နှုန်းဖြင့် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားဝန်းကွင်းတွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရွှေတောင်ဆီဆိုင်မှ ဆီကိုယ်စားလှယ် ဦးမျိုးသက်ဝင်းက မြစ်သားမြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားဝန်းကွင်းအတွင်း၌ ဒေသခံပြည်သူများအား ဆီတစ်ပိဿာ ၇၂၅၀/- ကျပ်နှုန်း တစ်ဦးလျှင် နှစ်ပိဿာဖြင့် ဆီပိဿာပေါင်း ၂၈၈ ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)