ကော့မှူး ဖေဖော်ဝါရီ ၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တတိယနေ့ (သင်္ချာ) ဘာသာရပ်အားရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုလျက်ရှိကြေင်း သိရသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ကော့မှူးရှိ Grade–6၊ Grade – 7 ၊ Grade – 8၊ Grade –10၊ Grade–11 ၊Grade–12 တွင် ပညာသင်ကြားနေသော စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၆၄၁) ဦး၊ ဖြေဆိုကျောင်းသား/ ကျောင်းသူ (၆၃၄) ဦး၊ ပျက်ကွက် (၇) ဦးရှိပြီး နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေးနှင့် တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်သူရ