ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ တီဘီ၊ ဆီးချိုဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် (အခမဲ့) စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ တီဘီသံသယလူနာများရှာဖွေပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆီးချို၊ သွေးတိုးဝေဒနာရှင်များ၊ တီဘီဝေဒနာရှင်များအား စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ ဆေးများ (အခမဲ့)ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)