ဒေးဒရဲမြို့နယ်အတွင်းရှိ ရွှေအရောင်းဆိုင်များနှင့် ကုန်မာပစ္စည်းအရောင်းဆိုင်များတွင် အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

​ဒေးဒရဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ရတနာရွှေဆိုင်များနှင့် ကုန်မာဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများအား အခွန်တံဆိပ်ခေါင်းများ ကပ်နှိပ်ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပေးဟောပြောခြင်းလုပ်ငန်းများအား ယမန်နေ့နံနက် (၁၀) နာရီ မြို့နယ်အခွန်အထောက်အကူပြုကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် မြို့နယ်အခွန်အထောက်အကူပြုကော်မတီဝင်များက မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ရွှေဆိုင်နှင့် ကုန်မာဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများအား သတ်မှတ်အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရောင်းချစေရေး၊ အသိပေးပိုစတာများအား အများပြည်သူဖတ်ရှုနိုင်ရေး ချိတ်ဆွဲထားရှိစေရေး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း