ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများသွားလာရေး အဆင်ပြေစေရန် စက်ဘီးနှင့် အခြားပစ္စည်းများလှူဒါန်း

ငပုတော ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကျောင်းအတွက် အထောက်အကူဖြစ်စေရန်အတွက် စက်ဘီး (270000) တန် (၁၀) စီး၊ Brodu 8”Bluetooth box (310000)တန် (၂)လုံးနှင့် ကျောင်းခန်းမတွင်အသုံးပြုရန် WallFan (120000) တန် (၂) လုံး၊ စုစုပေါင်းတန်ဖိုးငွေ (3560000) ကျပ်တိတိအား ရန်ကုန်တိုင်း‌ဒေသကြီး၊ လမ်းမတော်မြို့နယ် Petrowax Co;ted၊ Director ဒေါ်ခင်စန္ဒာဝင်းမှ မိသားစုမှ ယမန်နေ့က လာရောက်လှူဒါန်းခဲ့သည်။

ဦးစွာ Petrowax Co;ted၊ Director ဒေါ်ခင်စန္ဒာဝင်း မှ အ.ထ.က ပြင်ခရိုင် အထက်တန်းကျောင်းရှိ ဝေးလံသောအရပ်ဒေသမှ ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေရန်အတွက် စက်ဘီးများ လှူဒါန်းပေးရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း စာပေများကို ပိုမိုကြိုစားကြရန် အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဝေးလံသောအရပ်ဒေသမှ ကျောင်းလာရောက်တက်ရောက်နေရသော ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးအတွက် စက်ဘီး (၁၀) စီးနှင့် ကျောင်းအတွက် လိုအပ်သောပစ္စည်းများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)