မိုင်းရှူး သြဂုတ် ၅
Myanmar Network Organization for Free and Fair Elections (MYNFREL)နှင့် မိုင်းရှူးမြို့နယ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ လူငယ်တို့ ပူးပေါင်း၍ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးသင်တန်းကို မိုင်းရှူးမြို့၊ ရပ်ကွက်(၂)ခန်းမ၌ ပို့ချ လျက်ရှိရာ MYNFREL မှ မန်နေဂျာ ဦးမင်းသုမောင်က ပထမအကြိမ် မဲဆန္ဒရှင် လူငယ်များ ဒီမိုကရေစီ နိုင်ငံ သားကောင်းနှင့် မဲဆန္ဒရှင်ဆိုင်ရာ အသိပညာများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် ဒီမိုကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ လူငယ်နှင့် လူမှုအသိုင်းအဝန်း အကြောင်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း နှင့် သရုပ်ပြ တင်ဆက်ခြင်းများ၊ ဂိမ်းကစားခြင်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ လူငယ်လူရွယ်(၂၃)ဦး တက်ရောက်ပြီး သင်တန်းကို သြဂုတ် လ ၄ ရက်နေ့မှ ၆ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)