ဖျာပုံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား ဖိတ်ခေါ်အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ဖျာပုံ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံး ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များ  ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အား ကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။

အဆိုပါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလားဖိတ်ခေါ် အလွတ်တန်း ဘောလုံးပြိုင်ပွဲပဥ္စမနေ့ပြိုင်ပွဲအဖြစ် Pioneer FC အသင်းနှင့် Good Choice FC အသင်းတို့ ယှဥ်ပြိုင်ကြရာ Pioneer FC အသင်းက Good Choice FC အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါပြိုင်ပွဲသို့ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊မအူပင်မြို့နယ်နှင့် အခြားမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး အုပ်စုပတ်လည် စနစ်ဖြင့်  မတ်လ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရအသင်းကို ငွေကျပ်သိန်း (၃၀)၊ဒုတိယဆုရအသင်းကိုငွေကျပ် (၁၅)သိန်း၊တတိယဆုရအသင်းကို ငွေကျပ် (၇)သိန်းနှင့် ဆုဖလားနှင့်ပွဲစဥ်အလိုက် အကောင်းဆုံးအားကစား သမားဆုများကိုပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အားကစားပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)