မအူပင်မြို့တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

မအူပင် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အခြေခံပန်းချီရေးဆွဲနည်း သင်တန်း(အခမဲ့) သင်ကြားပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားသည်။

အဆိုပါသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ နွေရာသီကျောင်း ပိတ်ရက်အတွင်း ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ယခုလိုပန်းချီ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာပြီး ပန်းချီဆရာ ဦးခင်မောင်မြင့်မှ အခြေခံပန်းချီရေးဆွဲနည်များကို စာတွေ့၊ လက်တွေ့  သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ မတ်လ(၄)ရက်နေ့ အထိ (၇)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၆)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)