ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(အစိုးရစစ်) နှစ်ဆုံးစာမေးပွဲ ကျောင်းသား/ ကျောင်းသူများဖြေဆို

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (အစိုးရစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများက မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (အစိုးရစစ်) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲကို အခြေခံပညာကျောင်းများရှိ Grade 5 နှင့် Grade 9ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ဖြေဆိုကြမည်ဖြစ်သည်။ထို့အပြင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများကပြည်သူများ ဝိုင်းဝန်းကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူများထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)