ဖျာပုံ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ ပြည်သူ့ အားကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။
အဆိုပါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲပဥ္စမနေ့ပြိုင်ပွဲအဖြစ် Pioneer FC အသင်းနှင့် Good Choice FC အသင်းတို့ ယှဥ်ပြိုင်ကြရာ Pioneer FC အသင်းက Good Choice FC အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါပြိုင်ပွဲသို့ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်မြို့နယ်နှင့် အခြားမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း (၁၁) သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး အုပ်စု ပတ်လည်စနစ်ဖြင့် မတ်လ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရအသင်းကို ငွေကျပ်သိန်း (၃၀)၊ ဒုတိယဆုရအသင်းကို ငွေကျပ် (၁၅) သိန်း၊ တတိယဆုရအသင်းကို ငွေကျပ် (၇) သိန်းနှင့် ဆုဖလားနှင့် ပွဲစဥ်အလိုက် အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အားကစားပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။
အောင်ဝင်းနိုင်