မအူပင် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိမြို့နယ် (၃) မြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ်၊ ကွန်စုကျေးရွာတွင်ဆောင်ရွက်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား တစ်မြို့နယ်လျှင် နေအိမ်အလုံး (၃၀၀) ဖြင့် မအူပင်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ နေအိမ်အလုံး (၉၀၀) အား ရန်ပုံငွေကျပ်သန်း ၆၇ ဒဿမ ၆၂ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မအူပင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်လင်းထွဋ်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)