ငွေဆောင် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ၊ Grade - 5နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲ ၊ အင်္ဂလိပ်စာဘာသာရပ်အား ယနေ့နံနက် (၉း၀၀) နာရီက ဖြေဆိုရာ မြို့အုပ်ချုပ်ရေးမှူးမှ စာစစ်ဌာနရှိရာ ကျောင်းများသို့ သွား ရောက်၍ ကျောင်းသား/ သူများ၏ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှကျောင်းသား / သူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုပြီး စာမေးပွဲခန်းမှ ထွက်လာသည့် ကျောင်းသား / သူများကို အားပေးစကားပြောကြားခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာမ ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျောင်းသား/သူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး၊ ကျောင်းဝန်းလုံခြုံရေး၊ ကျောင်းသား/သူများ ယာဥ်မန္တရာယ်မဖြစ်စေရေး၊ ကျောင်းပတ်ဝန်းကျင်တွင် မီးလန့်မှုမဖြစ်စေရေးနှင့် ဆူညံသံများ မဖြစ်ပေါ်စေရေးတို့ကို ဂရုစိုက်ဆောင်ရွက်ကြရန် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး (ပြန်/ ဆက်)