ကြံခင်း ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြင့်ဖြေဆိုလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်း အဆင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် Grade-9 အား စာစစ်ဌာန ၄ ခု၌ ကျား ၁၄၉ ဦး၊ မ ၁၆၇ ဦး စုစုပေါင်း ၃၁၆ ဦး၊ ၉၆.၉၃% ဖြေဆိုလျက်ရှိ ပြီး၊ Grade-5 အား စာစစ်ဌာန ၁၄ ခု၌ ကျား ၇၄၀ ဦး၊ မ ၇၆၃ ဦး စုစုပေါင်း ၁၅၀၃ ဦး၊ ၉၇.၉၈% ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်စေရေး အနီးကပ်ကြီးဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)