ကွမ်းခြံကုန်းမြို့နယ် လူထုကျန်းမာ‌ရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို ယ‌နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းအား 15.1.2026 ရက်နေ့မှ 11.2.26 အထိ ကွမ်းခြံကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာမိုမို့ကျော်နှင့် ကျန်းမာရေး၀န်ထမ်းများမှ သင်ကြားခဲ့ပြီး  12.2.2026 ရက်နေ့မှ 25.2.2026 ရက်နေ့အထိ သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၌ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား သင်ကြား‌ပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မိုကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနှင့် ပတ်သက်၍ အကျိုးကျေးဇူးများအား မြို့နယ်ကျန်းမာရေးမှူး (အဆင့်-၁) ဦးနိုင်လင်းဦးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောခဲ့ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ကျန်းမာရေး၀န်ထမ်းများနှင့် သင်တန်းသူ/သားများအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)