တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် တီဘီရောဂါလူနာရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန(ရန်ကုန်)နှင့် တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် တီဘီရောဂါလူနာရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန(ရန်ကုန်)နှင့် တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းသော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ရာ ဓာတ်မှန်ရိုက် စစ်ဆေးပေးသူ ၆၁၃ ဦးတွင် လူနာသစ် (၁၄) ဦး ဖော်ထုတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းကို ဖေဖော်ဝါရီလ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးလှိုင်