သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂း၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပညာရေးဒီဂရီကောလိပ်ကျောင်းသူများက ဣထိယပန်းခင်း သီချင်းဖြင့် ဖျော်ဖြေပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်နှင့် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲတွင်ပါဝင်သူများအား လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပညာရေးဒီဂရီကောလိပ်ကျောင်းသူများက ရွှေမြန်မာသာယာငြိမ်းချမ်း တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး