ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၈၀)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဇော်မင်းဆန်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ကျေးရွာအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးကို စနစ်တကျကိုင်တွယ် အသုံးပြုကြရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့်ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံးများ အဆင်သင့်ထားရှိကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များ ရှင်းလင်းပြောကြားပြီး မြို့သစ်ရပ်ကွက် အတွင်းရှိ အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၅၀) အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)