ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြဟောပြောခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးစီးသောအဖွဲ့က ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၇)ဦး ပါဝင်သောအဖွဲ့က အမှတ် ၁၂၅ ရပ်ကွက်၊ မြနန္ဒာလမ်းနှင့် ရာဇာဓိရာဇ်လမ်းရှိနေအိမ်များသို့ မီးဘေးအန္တရာယ်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ပြီးနောက် အမှတ် (၅၂) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများကို သရုပ်ပြဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် အမှတ် (၁၃၃) ရပ်ကွက်ရှိ ဆာကူရာစားသောက်ဆိုင်အား မီးဘေးအန္တာရာယ်ကာကွယ်ရေးစစ်ဆေးခြင်း၊ အကြံပြုခြင်း၊ ပညာပေးဟောပြော သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊အကြံပြုခြင်း၊ ပညာပေးဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများအတွင်း မီးသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်သတိပေးခြင်းများကို ရက်သတ္တပတ်အလိုက် အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)