ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ဒဂုံတောင် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား လူငယ်/လူရွယ်များ နွေရာသီတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေး မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များဖြင့် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြား‌ပေးရာတွင် ဘောလုံးအားကစားသင်တန်းကို မြို့နယ်အားကစားကွင်း၊ ၁၀၄ ရပ်ကွက်အားကစားကွင်းနှင့် ၂၂ ရပ်ကွက် အားကစားကွင်း၊ ကရာတေးဒိုတိုက်ကွမ်ဒိုဖူဆယ်အားကစားသင်တန်းများကို မြို့နယ်အားကစားကွင်းတို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ မတ်လကုန်အထိ နေ့စဉ်သင်ကြားပေးလျက်ရှိပြီး လက်ဝှေ့အားကစားသင်တန်းကို (၆၉) ရပ်ကွက် နဂါးမာန်ကလပ်၌ မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သတင်းရရှိသည်။

သန်းသန်းအေး