မိုင်းယောင်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့က ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချို စုစုပေါင်းအင်အား ၄၅ ဦး တက်ရောက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမင်းသိန်းက ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးထိုးအားနည်းမှုမရှိစေရေး ဒေသအလိုက် ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဗလမင်းထင်ခန်းမတွင် နာတာရှည်ရောဂါ ခံစားနေရသော ထွေ/အုပ်ဝန်ထမ်း မိသားစုဝင်လေးဦးအတွက်တစ်ဦးလျှင် ကျပ်သုံးသောင်းစီ၊ ပြည်သူ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသော မိသားစုဝင်တစ်ဦးအတွက် ကျပ်ငါးသောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း