လသာမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းလက်မှတ်ပေးအပ်

လသာ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လူထုကျန်းမာရေး လုပ်သားသင်တန်းသား (၆) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို လက်တွေ့အသုံးချဆောင်ရွက်သွားရန် လိုအပ်ကြောင်း အားပေး ပြောကြားခဲ့ကြသည်။

ထိုသို့ သင်တန်းဆင်းလက်မှတ်ရရှိခဲ့သည့် လူထုကျန်းမာရေးလုပ်သားများသည် မြို့နယ်အတွင်း ရပ်ကွက်များသို့ သွားရောက်ကာ ပြည်သူများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း