မြစ်သား ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှု အဓိပ္ပါယ်၊ လူကုန်ကူးမှုပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး မြစ်သားမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်ဆင့်က လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုစုဆောင်းပေးသည့် နည်းလမ်းများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များနှင့် ကာကွယ်ရမည့် နည်းလမ်းများအကြောင်းကို အသိ ပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲကို စာပေဝါသနာရှင်များက စိတ်ပါဝင် စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)